Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 7:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထို့နောက် ယောသပ်​သည် လူ​လွှတ်​၍ မိမိ​၏​ဖခင်​ယာကုပ်​နှင့်တကွ ခုနစ်ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ထို​အ​ခါ ယော​သပ်​သည် စေ​လွှတ်၍ မိ​မိ​အ​ဘ​ယာ​ကုပ်​နှင့်​တ​ကွ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​ကျိပ်​ငါး​ယောက်​သော မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို ခေါ်​ပင့်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 7:14
9 ပူးပေါင်းရင်းမြစ်များ  

အီဂျစ်​ပြည်​၌ အကျွန်ုပ်​ရ​သော​ဂုဏ်သရေ​ရှိသမျှ​နှင့် သင်​တို့​တွေ့မြင်​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​၏​ဖခင်​အား​ပြောပြ​ရ​မည်​။ သင်​တို့​သည် အလျင်အမြန်​သွား​၍ အကျွန်ုပ်​၏​ဖခင်​ကို ဤ​အရပ်​သို့​ခေါ်ဆောင်​ခဲ့​ရ​မည်​”​ဟု ဆို​လေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုံ​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ထို့နောက် အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​ပြီး ယာကုပ်​သည် ဟာမ​ပြည်​တွင် ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​လေ​၏​။


ယာကုပ်​မှ ဆင်းသက်​လာ​သော​သူ စုစုပေါင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။ ယောသပ်​ကား အီဂျစ်​ပြည်​၌​ရှိ​နှင့်​၏​။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ