Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 6:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သတေဖန်​သည် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ တန်ခိုး​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက် ကြီးစွာ​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို လူ​တို့​ရှေ့တွင်​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 သ​တေ​ဖန်​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ကြွယ်​ဝ​စွာ​ခံ​စား​ရ​သူ၊ တန်​ခိုး​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​သ​ဖြင့် အံ့​သြ​ဖွယ်​ရာ အ​မှု​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ​ပြု​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 6:8
11 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က​လည်း“သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


သို့သော် ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​တို့​ဖြင့် သတေဖန်​ပြောဆို​သော​အရာ​ကို သူ​တို့​သည် အတိုက်အခံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။


တရား​လွှတ်တော်​၌ ထိုင်​နေ​သော​သူ​အပေါင်း​တို့​သည် သတေဖန်​ကို စေ့စေ့​ကြည့်​လျှင် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​၏​မျက်နှာ​ကဲ့သို့​ဖြစ်​သည်​ကို တွေ့မြင်​ရ​ကြ​၏။


ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။


ထို​စကား​ကို အစုအဝေး​တစ်ခုလုံး​နှစ်သက်​သဖြင့် သူ​တို့​သည် ယုံကြည်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​သော သတေဖန်​မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် အန္တိအုတ်​မြို့​မှ​ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ နိကောလ​တို့​ကို ရွေးကောက်​ပြီး


သို့သော် သတေဖန်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ကောင်းကင်​သို့ စေ့စေ့​ကြည့်​လေ​ရာ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်းကောင်း၊ သခင်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်းကောင်း မြင်​လျက်


လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။


ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။


အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ