Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 6:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 တရား​လွှတ်တော်​၌ ထိုင်​နေ​သော​သူ​အပေါင်း​တို့​သည် သတေဖန်​ကို စေ့စေ့​ကြည့်​လျှင် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​၏​မျက်နှာ​ကဲ့သို့​ဖြစ်​သည်​ကို တွေ့မြင်​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 တ​ရား​လွှတ်​တော်​တွင်​ထိုင်​လျက်​နေ​ကြ​သော သူ​အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​အာ​ရုံ​စိုက် ၍​ကြည့်​သော​အ​ခါ သူ​၏​မျက်​နှာ​သည်​ကောင်း ကင်​တ​မန်​၏​မျက်​နှာ​နှင့်​တူ​သည်​ကို​တွေ့​မြင် ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 6:15
9 ပူးပေါင်းရင်းမြစ်များ  

မည်သူ​သည် ပညာရှိ​ကဲ့သို့​ဖြစ်​သနည်း​။ မည်သူ​သည် အမှုအရာ​၏​အနက်အဓိပ္ပာယ်​ကို​သိ​သနည်း​။ လူ​တစ်​ဦး​၏​ဉာဏ်ပညာ​သည် ထို​သူ​၏​မျက်နှာ​ကို​ထွန်းလင်း​စေ​၍ သူ​၏​တင်းမာ​သော​မျက်နှာ​ကို ပြောင်းလဲ​စေ​တတ်​၏​။


ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နားရှိ​သော​သူ​သည် ကြား​ပါစေ။


ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ မျက်နှာ​တော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ကာ ဝတ်ရုံ​တော်​သည် အလင်း​ကဲ့သို့​ဖြူဖွေး​လာ​၏။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။


ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​က ဤ​ထွက်ဆိုချက်​အတိုင်း​ဟုတ်​၊ မ​ဟုတ် မေး​လေ​သော်


ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ