Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 5:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ဇနီး​သည်​နှင့်​သဘောတူ​လျက် အဖိုးငွေ​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​ကာ အချို့​သော​ငွေ​ကို​သာ​ယူဆောင်​လာ​၍ တမန်တော်​တို့​၏​ခြေရင်း​၌​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 5:2
16 ပူးပေါင်းရင်းမြစ်များ  

“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သူ​တို့​သည် မိမိ​တို့​ပြု​သမျှ​သော​အမှု​တို့​ကို လူ​တို့​မြင်​စေရန်​သာ​ပြု​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​၏​ကျမ်း​လက်ဖွဲ့​အဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်ရုံ​ပန်းဖွား​များ​ကို ရှည်လျား​စွာ​ထား​ကြ​၏။


ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။


ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ


မိမိ​ပိုင်ဆိုင်​သော​မြေယာ​ကို​ရောင်း​ပြီးလျှင် ငွေ​ကို​ယူဆောင်​လာ​ကာ တမန်တော်​တို့​၏​ခြေ​ရင်း​၌​ထား​လေ​၏။


သို့သော် အာနနိ​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် သူ​၏​ဇနီး ရှဖိရေ​နှင့်အတူ ဥစ္စာ​ပစ္စည်း​ကို​ရောင်း​ပြီးလျှင်


ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။


ထိုအခါ ပေတရု​က သူ့​အား “သင်​တို့​သည် ထို​မြေကွက်​ကို ဤမျှနှင့်​ရောင်း​ခဲ့​သည်​မှာ ဟုတ်​၊ မ​ဟုတ် ငါ့​အား​ပြော​လော့”​ဟု မေး​လေ​သော် သူ​က “ဟုတ်​ပါ​၏။ ဤမျှနှင့်​ရောင်း​ခဲ့​ပါ​၏”​ဟု ဆို​၏။


မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။


အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ