Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 4:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ယနေ့ အကျွန်ုပ်​တို့​သည် အားနည်း​သော​သူ​တစ်​ဦး​အပေါ် ကောင်းကျိုး​ပြု​ခဲ့​သည့်​အကြောင်း​နှင့်​ပတ်သက်၍​လည်းကောင်း၊ ဤ​သူ​သည် မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​လာ​သနည်း​ဟူသည့်​အကြောင်း​နှင့်​ပတ်သက်​၍​လည်းကောင်း စစ်ဆေး​ခြင်း​ခံရ​သည်​ဆိုလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 4:9
6 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံမှ ကောင်း​သော​အမှု​များစွာ​တို့​ကို သင်​တို့​အား​ပြသ​ခဲ့​၏။ ၎င်း​တို့​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်နည်း”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင်


လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။


သို့ရာတွင် အရှင်​ဧကရာဇ်​မင်း​ထံ သူ့​အကြောင်း​ရေးသား​ရန် တိကျ​သော​အကြောင်း​အချက် တစ်စုံတစ်ခု​မျှ အကျွန်ုပ်​၌​မ​ရှိ​ပါ။ ထို့ကြောင့် ဤ​စစ်ဆေး​မှု​ပြီးဆုံး​သောအခါ အကျွန်ုပ်​ရေးသား​ရန် အကြောင်း​အချက်​တစ်စုံတစ်ခု​ရရှိ​နိုင်​မည့်​အကြောင်း သူ့​ကို အရှင်​တို့​ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပ​မင်းကြီး၊ အရှင့်​ရှေ့၌​အကျွန်ုပ်​ထုတ်ဆောင်​ခဲ့​ပါ​သည်။


ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့်


သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ