Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 4:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 4:7
12 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။


ထို့နောက် ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း။ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။


“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။


ထိုအခါ ကျမ်းပြု​ဆရာ​တို့​နှင့်​ဖာရိရှဲ​တို့​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​သည့်​အတွက် အဖမ်း​ခံရ​သော​မိန်းမ​တစ်​ယောက်​ကို​ခေါ်ဆောင်​လာ​၍ အလယ်​၌​ထား​ပြီးလျှင်


သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။


သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။


ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။


ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊


ထို့နောက် တမန်တော်​တို့​ကို​ခေါ်​လျက် ရိုက်နှက်​ပြီးမှ ယေရှု​၏​နာမ​ကို​အမှီပြု၍ ဟောပြော​သွန်သင်​ခြင်း​မ​ပြု​ရန် အမိန့်​ပေး​ကာ ပြန်လွှတ်​လိုက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ