တမန်တော် 4:23 - မြန်မာ့စံမီသမ္မာကျမ်23 တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့အပေါင်းအဖော်များရှိရာသို့ ပြန်လာ၍ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက မိမိတို့အားပြောသမျှတို့ကို ပြန်ပြောပြကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ပေတရုနှင့်ယောဟန်တို့သည်လွတ်မြောက်လာ ကြသောအခါ မိမိတို့၏လူစုထံသို့ပြန်ပြီး လျှင် ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်များပြောကြားလိုက်သမျှတို့ ကိုပြန်ပြောကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။- အခန်းကိုကြည့်ပါ။ |
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။