တမန်တော် 4:17 - မြန်မာ့စံမီသမ္မာကျမ်17 သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။'' အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။