တမန်တော် 3:20 - မြန်မာ့စံမီသမ္မာကျမ်20 ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- အခန်းကိုကြည့်ပါ။ |
ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။