Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 27:43 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

43 သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်​လို​သဖြင့် သူ​တို့​၏​အကြံအစည်​ကို​တားမြစ်​ကာ ရေကူး​တတ်​သူ​များ​သည် ဦးစွာ​ခုန်ချ​၍ ကမ်း​ပေါ်သို့​ကူးသွား​ကြ​ရန်​နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

43 သို့​သော်​တပ်​မှူး​သည်​ပေါ​လု​ကို​ကယ်​ဆယ်​လို သ​ဖြင့် စစ်​သား​များ​၏​အ​ကြံ​အ​စည်​အ​တိုင်း မ​ပြု​လုပ်​ရန်​တား​မြစ်​ပြီး​လျှင် ဦး​စွာ​ပ​ထ​မ ရေ​ကူး​တတ်​သူ​တို့​အား​သင်္ဘော​ပေါ်​မှ​ခုန်​ချ စေ​ပြီး​နောက်​ကုန်း​သို့​ကူး​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

43 တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 27:43
8 ပူးပေါင်းရင်းမြစ်များ  

လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။


သဘောထား​ကွဲလွဲမှု​ပြင်းထန်​လာ​၍ သူ​တို့​သည် ပေါလု​အား အပိုင်းပိုင်း​ဆွဲဖြတ်​ကြ​မည်​ကို တပ်မှူးကြီး​သည် စိုးရိမ်​သဖြင့် စစ်သား​များ​အား ဆင်း​သွား​၍ ပေါလု​ကို သူ​တို့​ထံမှ အတင်း​ခေါ်ဆောင်​လာ​ပြီး စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​လေ​၏။


ပေါလု​စီးနင်း​ရန် တိရစ္ဆာန်​များ​ကို​လည်း အသင့်​ပြင်​ထား​လျက် သူ့​ကို ဘုရင်ခံ​ဖေလဇ်​မင်း​ထံ ဘေးကင်း​စွာ​ပို့ဆောင်​လော့”​ဟု မှာကြား​လေ​၏။


သို့သော် တပ်မှူး​သည် ပေါလု​ပြောဆို​သော​စကား​ထက် ရေယာဉ်မှူး​နှင့်​သင်္ဘော​ပိုင်ရှင်​တို့​ကို ပို၍​ယုံ​၏။


နောက်တစ်နေ့​တွင် ငါ​တို့​သည် ဆီဒုန်​မြို့​သို့​ဆိုက်ကပ်​ကြ​၏။ ယုလိ​သည် ပေါလု​ကို​ကြင်နာ​စွာ​ဆက်ဆံ​လျက် မိတ်ဆွေ​များ​ထံ​သွား​၍ လုပ်ကျွေး​ပြုစု​ခြင်း​ခံယူ​ခွင့်​ကို ပေး​လေ​၏။


ပေါလု​က တပ်မှူး​နှင့်​စစ်သား​တို့​အား “သင်္ဘော​ပေါ်တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။


စစ်သား​တို့​သည် အကျဉ်းသား​တစ်စုံတစ်ဦး​မျှ ရေကူး​၍​မ​ထွက်ပြေး​စေရန် သူ​တို့​ကို​သတ်​မည်​ဟု​ကြံစည်​ကြ​၏။


ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ