Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 27:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 “မိတ်ဆွေ​တို့၊ ဤ​ပင်လယ်​ခရီး​တွင် သင်္ဘော​နှင့်​ကုန်ပစ္စည်း​သာမက အကျွန်ုပ်​တို့​၏​အသက်​အပေါ်၌​ပင် ဘေးအန္တရာယ်​နှင့်​များစွာ​သော​ဆုံးရှုံး​မှု ကျရောက်​လာ​လိမ့်မည်​ဟု အကျွန်ုပ်​တွေ့မြင်​ရ​သည်”​ဟူ၍ ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 အ​ချင်း​လူ​တို့၊ ယ​ခု​မှာ​ပင်​လယ်​ကူး​လျှင် သင်္ဘော​နှင့်​ကုန်​များ​တို့​သည် ဆုံး​ရှုံး​သည်​သာ​မ​က၊ ငါ​တို့ အ​သက်​ပျက်​စီး​ရာ​သော ဘေး​အ​န္တ​ရာယ်​ရောက်​မည်​ကို ငါ​ထင်​မြင်​သည်​ဟု သ​တိ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 27:10
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။


အကျွန်ုပ်​အား ဤ​နက်နဲသောအရာ​ကို ဖွင့်ပြ​သည်​မှာ​လည်း အကျွန်ုပ်​သည် သက်ရှိလူသား​အပေါင်း​တို့​ထက်​ပို၍ ဉာဏ်ပညာ​ရှိ​သောကြောင့်​မ​ဟုတ်​ဘဲ အရှင်မင်းကြီး​အား အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​၍ မင်းကြီး​စိတ်​ထဲရှိ​အတွေး​တို့​ကို မင်းကြီး​အား သိ​စေရန် ဖြစ်​၏​။


စင်စစ် ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​အကြံအစည်​တော်​ကို အစေအပါး​ပရောဖက်​တို့​အား မ​ဖွင့်ပြ​ဘဲ မည်သည့်​အမှု​ကို​မျှ ပြု​တော်​မ​မူ​။


ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။


ပေါလု​က တပ်မှူး​နှင့်​စစ်သား​တို့​အား “သင်္ဘော​ပေါ်တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။


ထို့ကြောင့် အစာ​စား​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ ဤသည်ကား သင်​တို့​၏​လွတ်မြောက်​ခြင်း​အတွက် ဖြစ်​၏။ သင်​တို့​၏​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ ပျက်စီး​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။


ထို့အတူ ဖြောင့်မတ်​သော​သူ​ပင် ခဲယဉ်း​စွာ ကယ်တင်​ခြင်း​ခံရ​သည်​ဆိုလျှင် ဘုရား​တရား​မဲ့​သော​သူ​နှင့်​အပြစ်သား​တို့​သည် မည်သို့​ဖြစ်​သွား​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ