Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 25:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သို့သော် စွပ်စွဲ​ခံရ​သူ​တစ်စုံတစ်ဦး​သည် စွပ်စွဲ​သော​သူ​နှင့်​မျက်နှာချင်းဆိုင်​၍ စွပ်စွဲ​ချက်​နှင့်​ပတ်သက်​ပြီး ချေပ​ပြောဆို​ခွင့်​မ​ရ​မီ သူ့​ကို​လွှဲအပ်​ပေး​ခြင်း​သည် ရောမ​တို့​၏​ဓလေ့​ထုံးစံ​မ​ဟုတ်​ကြောင်း သူ​တို့​အား အကျွန်ုပ်​ဖြေကြား​ခဲ့​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ကျွန်ုပ်​က​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို ခံ​သော​သူ​သည် အ​ပြစ်​တင်​သော သူ​တို့​နှင့် မျက်​မှောက်​တွေ့၍၊ မိ​မိ၌​တင်​သော​အ​ပြစ်​ကို​ဖြေ​ရ​သော အ​ခွင့်​မ​ရှိ​မီ၊ အ​ဘယ်​သူ​ကို​မျှ အ​သေ​ခံ​စေ​ခြင်း​ငှာ မ​စွန့်​မ​အပ်​ရ​ဟု ရော​မ​ထုံး​စံ​ရှိ​ကြောင်း​ကို ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 25:16
11 ပူးပေါင်းရင်းမြစ်များ  

“​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။


ကောင်း​စွာ​နား​မ​ထောင်​မီ ဖြေဆို​ခြင်း​သည် ထိုသို့​ဖြေဆို​သော​သူ​အတွက် မိုက်မဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ဖြစ်​တတ်​၏​။


မိမိ​အမှု​ကို​ဦးစွာ​တင်ပြ​သော​သူ​သည် အခြားသူ​ရောက်လာ​၍ ထို​အမှု​ကို မ​စစ်ကြော​မီ​အထိ ဖြောင့်မတ်​ဟန်​ရှိ​၏​။


လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း များ​သို့​လည်းကောင်း၊ အုပ်ချုပ်​သူ​များ​နှင့် အာဏာပိုင်​များ​ရှေ့သို့​လည်းကောင်း ခေါ်ဆောင်​သွား​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ချေပ​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​အရာ​ကို ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။


“ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင်


သို့သော် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သည်​ဟု သတင်း​ရ​သဖြင့် အကျွန်ုပ်​သည် အရှင့်​ထံသို့ သူ့​ကို ချက်ချင်း​စေလွှတ်​လိုက်​ပါ​သည်။ စွပ်စွဲ​သော​သူ​တို့​အား​လည်း သူ့​အပေါ်​စွပ်စွဲ​ချက်​များ​ကို အရှင့်​ထံ တင်ပြ​လျှောက်ထား​ကြ​ရန် ညွှန်ကြား​ထား​ပါ​သည်။”


“သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။


ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ပေါလု​အား “သင့်​အကြောင်း​ကို သင်​ကိုယ်တိုင်​ပြောဆို​နိုင်​ပြီ”​ဟု အမိန့်​ရှိ​သဖြင့် ပေါလု​သည် လက်​ကို​ဆန့်​၍


သင့်​အား ပြောပြ​သဖြင့် သင်​ကြား​သောအခါ အသေအချာ​မေးမြန်း​ရ​မည်​။ အကယ်၍ အစ္စရေး​လူမျိုး​ထဲ၌ ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို အမှန်ပင်​ပြု​ခဲ့​ကြောင်း သေချာ​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ