Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 24:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သူ​သည် ဗိမာန်​တော်​ကို​လည်း မတော်မလျော်​ပြု​ရန် ကြိုးစား​ခဲ့​သောကြောင့် အကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်းဆီး​ခဲ့​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ဗိ​မာန်​တော်​ကို​လည်း​ညစ်​ညမ်း​စေ​ရန်​ကြိုး​စား အား​ထုတ်​သ​ဖြင့် သူ့​အား​အ​ကျွန်ုပ်​တို့​ဖမ်း​ဆီး ခဲ့​ကြ​ပါ​၏။ (သူ့​အား​အ​ကျွန်ုပ်​တို့​သည်​ပ​ညတ် တ​ရား​အ​ရ​စစ်​ဆေး​စီ​ရင်​ရန်​အ​လို​ရှိ​သော် လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 သူ​သည် ဗိ​မာန်​တော်​ကို ရှုတ်​ချ​ခြင်း​ငှာ​ပြု​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်း​ဆီး၍၊ အ​ကျွန်ုပ်​တို့ တ​ရား​အ​တိုင်း​စီ​ရင်​ခြင်း​ငှာ အ​လို​ရှိ​ကြ​သည်​တွင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 24:6
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။


အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။


လူ​တို့​သည် ထိုသို့​အော်ဟစ်​လျက် အဝတ်​များ​ကို​ဝှေ့ယမ်း​ကာ မြေမှုန့်​ကို လေ​ထဲသို့​ပစ်လွှင့်​ကြ​စဉ်


အကျွန်ုပ်​သည် ဗိမာန်​တော်​၌​ဖြစ်စေ၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌​ဖြစ်စေ၊ မြို့​ထဲ၌​ဖြစ်စေ တစ်စုံတစ်ဦး​နှင့် အချေအတင်​ပြောဆို​နေ​သည်​ကို​လည်းကောင်း၊ လူ​တို့​အား အုံကြွ​အောင်​ပြု​နေ​သည်​ကို​လည်းကောင်း သူ​တို့​မ​တွေ့​ကြ​ပါ။


[ထို့နောက် သူ့​ကို အကျွန်ုပ်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​မည်​ပြု​စဉ် တပ်မှူးကြီး​လုသိ​သည် ဝင်လာ​၍ သူ့​ကို အကျွန်ုပ်​တို့​လက်​ထဲမှ မရမက​ခေါ်ယူ​သွား​ပြီး သူ့ကို​စွပ်စွဲ​သော​သူတို့​အား အရှင့်​ထံသို့​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။]


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ