Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 24:23 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ပေါလု​ကို​မူကား စောင့်ကြပ်​ထား​ရန်​နှင့် လွတ်လပ်​မှု​ကို​အနည်းအကျဉ်း​ပေး​၍ သူ​၏​အပေါင်းအဖော်​များ သူ့​ကို​ပြုစု​မည်​ကို မ​တားဆီး​ရန် တပ်မှူး​အား မှာကြား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

23 ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 24:23
10 ပူးပေါင်းရင်းမြစ်များ  

လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယေရမိ​နှင့်​ပတ်သက်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အား


သို့သော် ပေါလု​နှမ​၏​သား​သည် ထို​ချောင်းမြောင်း​သတ်ဖြတ်​မည့်​အစီအစဉ်​ကို​ကြား​လျှင် စခန်း​ထဲသို့​ဝင်​၍ ပေါလု​အား ပြောပြ​လေ​၏။


“သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။


တစ်ချိန်တည်း​မှာပင် ပေါလု​သည် သူ့​ကို လာဘ်​ငွေ​ပေး​လိမ့်မည်​ဟု​လည်း မျှော်လင့်​သောကြောင့် သူ​သည် ပေါလု​ကို​မကြာခဏ​ခေါ်​၍ စကား​ပြောဆို​လေ​၏။


ထိုအခါ ဖေတ္တု​မင်း​က ပေါလု​သည် ဆီဇာရီးယား​မြို့​တွင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​ပြီး သူ​ကိုယ်တိုင်​လည်း မကြာမီ​ပြန်သွား​ရန် ရည်ရွယ်​ထား​ကြောင်း ဖြေကြား​ပြီးလျှင်


နောက်တစ်နေ့​တွင် ငါ​တို့​သည် ဆီဒုန်​မြို့​သို့​ဆိုက်ကပ်​ကြ​၏။ ယုလိ​သည် ပေါလု​ကို​ကြင်နာ​စွာ​ဆက်ဆံ​လျက် မိတ်ဆွေ​များ​ထံ​သွား​၍ လုပ်ကျွေး​ပြုစု​ခြင်း​ခံယူ​ခွင့်​ကို ပေး​လေ​၏။


ရောမ​မြို့​သို့​ဝင်​ကြ​သောအခါ ပေါလု​သည် သူ့​ကို​စောင့်ကြပ်​သည့် စစ်သား​နှင့်အတူ သီးသန့်​နေ​ခွင့်​ကို​ရ​လေ​၏။


မည်သည့်​အတား​အဆီး​မျှ​မ​ရှိ​ဘဲ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့် ဟောပြော​ကာ သခင်​ယေရှု​ခရစ်တော်​၏​အကြောင်း​များ​ကို သွန်သင်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ