Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 23:23 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ထို့နောက် တပ်မှူးကြီး​သည် တပ်မှူး​နှစ်​ဦး​ကို​ခေါ်​၍ “ည​ကိုး​နာရီ​အချိန်​၌ ဆီဇာရီးယား​မြို့​သို့​သွား​ရန် စစ်သား​နှစ်ရာ၊ လှံ​တပ်သား​နှစ်ရာ​နှင့် မြင်း​တပ်သား​ခုနစ်ဆယ်​တို့​ကို ပြင်ဆင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

23 တပ်​မှူး​နှစ်​ယောက်​တို့​ကို​ခေါ်၍၊ ယ​နေ့​ည သုံး​ချက်​တီး​အ​ချိန်၌ ကဲ​သ​ရိ​မြို့​သို့​သွား​စေ​ခြင်း​ငှာ စစ်​သူ​ရဲ​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ကျိပ်၊ လှံ​ကိုင်​သူ​ရဲ​နှစ်​ရာ​တို့​ကို ပြင်​ဆင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 23:23
8 ပူးပေါင်းရင်းမြစ်များ  

မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။


သခင်​သည် ညဥ့်နက်​အချိန်၌​ဖြစ်စေ၊ သန်းခေါင်​ကျော်​အချိန်၌​ဖြစ်စေ ပြန်လာ​၍ ထိုသို့​စောင့်​နေ​ကြ​သည်​ကို​တွေ့မြင်​လျှင် သူ​တို့​သည်မင်္ဂလာရှိ​ကြ​၏။


ထိုအခါ တပ်မှူးကြီး​က “ဤ​အရာ​များ​ကို ငါ့​အား သင်​ပြောပြ​ကြောင်း မည်သူ့​ကို​မျှ မ​ပြော​နှင့်”​ဟု အမိန့်​ပေး​ပြီးလျှင် ထို​လူငယ်​ကို ပြန်​လွှတ်​လိုက်​လေ​၏။


ထိုအခါ စစ်သား​များ​သည် သူ​တို့​အား မှာကြား​ထား​သည့်​အတိုင်း ပေါလု​ကို​ခေါ်​၍ အန္တိပတရိ​မြို့​အထိ ညတွင်းချင်း ပို့ဆောင်​ကြ​၏။


နောက်တစ်နေ့​တွင် မြင်း​တပ်သား​တို့​ကို ပေါလု​နှင့်အတူ​ခရီး​ဆက်​သွား​စေ​၍ သူ​တို့​သည် စခန်း​သို့​ပြန်လာ​ကြ​၏။


မြင်း​တပ်သား​တို့​သည် ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘုရင်ခံ​အား​ပေးအပ်​ကာ ပေါလု​ကို​လည်း သူ့​ထံသို့​အပ်​ကြ​၏။


[ထို့နောက် သူ့​ကို အကျွန်ုပ်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​မည်​ပြု​စဉ် တပ်မှူးကြီး​လုသိ​သည် ဝင်လာ​၍ သူ့​ကို အကျွန်ုပ်​တို့​လက်​ထဲမှ မရမက​ခေါ်ယူ​သွား​ပြီး သူ့ကို​စွပ်စွဲ​သော​သူတို့​အား အရှင့်​ထံသို့​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။]


ဖိလိပ္ပု​မူကား အာဇုတ်​မြို့​၌​ပေါ်လာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​သည့်​တိုင်အောင် မြို့​ရွာ​အားလုံး​တို့​ကို​လှည့်လည်​၍ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ