Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 2:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​အ​သံ​ကို​ကြား​သော​အ​ခါ​လူ​ပ​ရိ​သတ် တို့​သည်​စု​ရုံး​လာ​ကြ​၏။ တ​ပည့်​တော်​တို့​ဟော ပြော​ချက်​များ​ကို လူ​တိုင်း​ပင်​မိ​မိ​ဘာ​သာ စ​ကား​ဖြင့်​ကြား​ကြ​ရ​သ​ဖြင့်​သူ​တို့​သည် အံ့​အား​သင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 2:6
6 ပူးပေါင်းရင်းမြစ်များ  

ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။


ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။


ထိုအခါ ပြင်းထန်​သော​လေ​တိုက်ခတ်​သံ​နှင့်​တူ​သည့် အသံ​သည် ကောင်းကင်​မှ ရုတ်တရက်​ပေါ်ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်အိမ်လုံး​ကို ဖုံးလွှမ်း​လေ​၏။


ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အပေါင်း​တို့​သည် အလွန်​အံ့ဩ​၍ ရှောလမုန်​မုခ်ဆောင်​ဟု​ခေါ်​သည့်​နေရာ​၌​ရှိ​သော သူ​တို့​ထံသို့ ပြေး​လာ​ကြ​၏။


အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။


ငါ​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် တရော​မြို့​သို့​ရောက်​သောအခါ သခင်​ဘုရား​သည် ငါ့​အတွက်​တံခါး​ဖွင့်​ပေး​ခဲ့​သော်လည်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ