Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 2:31 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 သူ​သည် ၎င်း​ကို​ကြိုတင်​သိမြင်​လျက် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ဟောပြော​ကာ ‘ကိုယ်တော်​သည် မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​ခြင်း​ခံရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု ဆို​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

31 ခ​ရစ်​တော်၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ရည်​မှတ်​လျက်၊ ထို​ခ​ရစ်​တော်၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ အ​သား​သည်​လည်း ပုပ်​စပ်​ခြင်း​သို့​မ​ရောက်​ဟု အ​နာ​ဂ​တံ​သ​ဉာဏ်​နှင့် ဟော​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 2:31
7 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အား ပုပ်ပျက်​ခြင်း​နှင့်​ကြုံတွေ့​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။


ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။


ထို့ကြောင့် အခြား​သော​ဆာလံ​ကျမ်း​တွင်​လည်း ‘ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု မိန့်ဆို​ထား​၏။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်။


ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်


ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်”​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ