တမန်တော် 19:9 - မြန်မာ့စံမီသမ္မာကျမ်9 သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြား ခွဲထားပြီးမှ၊- အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။