Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 19:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 19:4
16 ပူးပေါင်းရင်းမြစ်များ  

ယောဟန်​သည် ထို​အရှင်​၏​အကြောင်း​ကို​သက်သေခံ​လျက် “ငါ့​နောက်​တွင် ကြွလာ​သော​အရှင်​သည် ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေးကြော်​လေ​၏။


ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။


ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။


လူ​အပေါင်း​တို့​သည် သူ့​အားဖြင့် ယုံကြည်​လာ​မည့်​အကြောင်း သူ​သည် အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန် သက်သေ​အဖြစ်​လာ​၏။


အကြောင်းမှာ ယောဟန်​သည် ရေ​၌​ဗတ္တိဇံပေး​၏။ သင်​တို့​မူကား မကြာမီ​အတွင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်”​ဟု မိန့်မှာ​တော်မူ​၏။


ထိုအခါ‘ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်’​ဟု သခင်​ဘုရား​မိန့်​တော်မူ​သော​စကား​ကို ငါ​သတိရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ