Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 19:36 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 ဤ​အချက်​သည် ငြင်းဆို​၍​မ​ရ​နိုင်​သည့်​အချက်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သည့်​အမှု​ကို​မျှ မဆင်မခြင်​မ​ပြု​ဘဲ တိတ်ဆိတ်​စွာ​နေ​သင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

36 ဤ​အ​ရာ​များ​တို့​သည် ငြင်း​ခုံ​ဖွယ်​မ​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် တိတ်​ဆိတ်​စွာ နေ​သင့်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 19:36
7 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို သူ​တို့​ဖီဆန်​ကြ​သောကြောင့် သူ​သည် မိမိ​နှုတ်​ဖြင့် မဆင်မခြင်​ပြောဆို​မိ​ခဲ့​၏​။


စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။ စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။


အလျင်စလို​သွား​၍ မ​တိုင်တန်း​နှင့်​။ နောက်ဆုံး​၌ သင်​၏​အိမ်နီးချင်း​သည် သင့်​ကို​အရှက်ရ​စေ​လျှင် သင်​မည်သို့​ပြု​မည်နည်း​။


ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။


အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။


သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ