Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 18:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ကရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အားလုံး​တို့​နှင့်အတူ သခင်​ဘုရား​ကို​ယုံကြည်​လေ​၏။ အခြား​ကောရိန်သု​မြို့သား​အမြောက်အမြား​တို့​သည်​လည်း ကြားနာ​၍ ယုံကြည်​ကာ ဗတ္တိဇံ​ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန်သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န်သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 18:8
25 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ တိုင်းတစ်ပါးသား​ထံမှ ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် သူ​၏​အိမ်သူအိမ်သား​ယောက်ျား​အားလုံး​သည် သူ​နှင့်အတူ အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။


အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် သင်​တို့​သည်​သွား​၍ လူမျိုး​တကာ​တို့​ကို ငါ့​တပည့်​ဖြစ်​စေ​လျက် ခမည်းတော်၊ သား​တော်၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နာမ​၌ သူ​တို့​ကို​ဗတ္တိဇံ​ပေး​ကြ​လော့။


ယာဣရု​အမည်​ရှိ​သော ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​တစ်​ဦး​သည် ရောက်လာ​၍ ကိုယ်တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ


ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို အဘယ်ကြောင့် ဆက်၍​နှောင့်ယှက်​နေ​ဦး​မည်နည်း”​ဟု ပြော​ကြ​၏။


သူ​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်သူအိမ်သား​အားလုံး​နှင့်တကွ ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​၍ ဂျူး​လူမျိုး​တို့​အား များစွာ​ပေးကမ်း​စွန့်ကြဲ​ကာ ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​လျက်​နေ​၏။


သူ​သည် သင်​နှင့် သင်​၏​မိသားစု​အားလုံး ကယ်တင်​ခြင်း​ရရှိ​စေ​မည့်​တရား​စကား​ကို သင့်​အား ဟောပြော​လိမ့်မည်’​ဟု မြွက်ဆို​သည်​ကို သူ​မြင်​ရ​ကြောင်း ငါ​တို့​အား ပြောပြ​ခဲ့​၏။


ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။


သူ​သည် ပေါလု​နှင့်​သိလ​တို့​ကို အိမ်​သို့​ခေါ်ဖိတ်​၍ စားဖွယ်​ရာ​များ​တည်ခင်း​ကျွေးမွေး​ကာ အိမ်သူအိမ်သား​အားလုံး​နှင့်အတူ ဘုရားသခင်​ကို​ယုံကြည်​ရ​သောကြောင့် အလွန်​ဝမ်းမြောက်​လေ​၏။


ထို့နောက် ပေါလု​သည် အေသင်​မြို့​မှ ထွက်ခွာ​၍ ကောရိန်သု​မြို့​သို့ ရောက်​လေ​ရာ


ထိုအခါ လူ​အပေါင်း​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သုဿင်​ကို ဖမ်းဆီး​၍ တရားခွင်​ရှေ့၌ ရိုက်နှက်​ကြ​၏။ သို့ရာတွင် ဂါလျုန်​သည် ထို​အမှု​များ​ကို ဂရု​မ​စိုက်​ဘဲ​နေ​၏။


အာပေါလု​သည် ကောရိန်သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့်


သို့သော် ဖိလိပ္ပု​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ယေရှု​ခရစ်တော်​၏​နာမ​တော်​အကြောင်း​ကို ဟောပြော​သောအခါ လူ​တို့​သည် ယုံကြည်​လျက် ယောက်ျား​များ​မှစ၍ မိန်းမ​များ​ပါ ဗတ္တိဇံ​ခံ​ကြ​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန်သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန်သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန်သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။


ကောရိန်သု​မြို့သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်ပွင့်လင်းလင်း​ပြောဆို​၍ ငါ​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။


ဧရတ္တု​သည် ကောရိန်သု​မြို့​၌ နေရစ်​ခဲ့​၏။ တရောဖိမ်​ကို​မူကား နာမကျန်း​ဖြစ်​နေ​သဖြင့် မိလက်​မြို့​တွင် ငါ​ထားခဲ့​၏။


ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​ပါ​။ ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ