Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 18:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို့နောက် ပေါလု​သည် အေသင်​မြို့​မှ ထွက်ခွာ​၍ ကောရိန်သု​မြို့​သို့ ရောက်​လေ​ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န်သု​မြို့​သို့​ရောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​နောက် ပေါ​လု​သည် အာ​သင်​မြို့​မှ ထွက်​သွား၍ ကော​ရိ​န်သု​မြို့​သို့ ရောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 18:1
10 ပူးပေါင်းရင်းမြစ်များ  

ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။


ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။


ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ကရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အားလုံး​တို့​နှင့်အတူ သခင်​ဘုရား​ကို​ယုံကြည်​လေ​၏။ အခြား​ကောရိန်သု​မြို့သား​အမြောက်အမြား​တို့​သည်​လည်း ကြားနာ​၍ ယုံကြည်​ကာ ဗတ္တိဇံ​ခံ​ကြ​၏။


အာပေါလု​သည် ကောရိန်သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့်


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန်သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန်သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန်သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။


ကောရိန်သု​မြို့သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်ပွင့်လင်းလင်း​ပြောဆို​၍ ငါ​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။


ဧရတ္တု​သည် ကောရိန်သု​မြို့​၌ နေရစ်​ခဲ့​၏။ တရောဖိမ်​ကို​မူကား နာမကျန်း​ဖြစ်​နေ​သဖြင့် မိလက်​မြို့​တွင် ငါ​ထားခဲ့​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ