Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 17:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 17:21
9 ပူးပေါင်းရင်းမြစ်များ  

ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။


ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။


အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။


ဖြူဂိ​ပြည်၊ ပံဖုလိ​ပြည်၊ အီဂျစ်​ပြည်​နှင့် ကုရေနေ​မြို့​အနီး လစ်ဗျား​နယ်မြေ​ဒေသ​တို့​၌ နေထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့ပြင် အလည်အပတ်​ရောက်ရှိ​လာ​သော​ရောမ​နိုင်ငံသား​များ၊ ဂျူး​လူမျိုး​များ​နှင့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​များ၊


နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။


အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။


ထို့ပြင် သူ​တို့​သည် တစ်အိမ်​ပြီး​တစ်အိမ်​လှည့်လည်​၍ ပျင်းရိ​သော​အကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထိုသို့​ပျင်းရိ​သည်​သာမက အတင်းအဖျင်း​ပြောဆို​လျက် သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​ကာ မ​ပြော​သင့်​သည့်​အရာ​တို့​ကို ပြောဆို​တတ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ