Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 17:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 17:18
16 ပူးပေါင်းရင်းမြစ်များ  

မိုက်မဲ​သော​သူ​၏​ရှေ့​တွင် စကား​မ​ပြော​နှင့်​။ အကြောင်းမူကား သူ​သည် သင်​၏​စကား​များ​၌​ပါ​သော​ဉာဏ်စွမ်း​ကို မထီမဲ့မြင်ပြု​လိမ့်မည်​။


မိမိကိုယ်ကို ပညာရှိ​ဟု ထင်မြင်​သော​သူ​ကို သင်​တွေ့မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။


ထို့နောက် သူ​တို့​သည် အခြား​တပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် တပည့်​တော်​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​၍ ကျမ်းပြု​ဆရာ​တို့​သည် သူ​တို့​နှင့်​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​တွေ့မြင်​ကြ​၏။


ထို​နေရာ​မှ ကိုယ်တော်​ထွက်ကြွ​တော်မူ​သောအခါ ကျမ်းပြု​ဆရာ​များ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​အပေါ် ကြီးစွာ​ရန်ငြိုး​ထား​လျက် အကြောင်းအရာ​အမျိုးမျိုး​တို့​ကို တရစပ်​မေးမြန်း​ကာ


သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။


တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက်


ထို့နောက် သူ​တို့​သည် နေ့စဉ်​နေ့တိုင်း ဗိမာန်​တော်​၌​လည်းကောင်း၊ အိမ်​များ​၌​လည်းကောင်း အစဉ်မပြတ်​သွန်သင်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟူသော​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​ကြ​၏။


ထိုအခါ “လိဗေရတိန်​”​ဟု အမည်တွင်​သည့် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ လူ​အချို့​ဖြစ်​ကြ​သော ကုရေနေ​မြို့သား​များ၊ အလက်ဇန္ဒြိယ​မြို့သား​များ​မှစ၍ ဆီလီဆီးယား​ပြည်​နှင့် အာရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သတေဖန်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​၏။


သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး


မည်သူမျှ ကိုယ့်ကိုယ်ကိုယ်​မ​လှည့်ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်စုံတစ်ဦး​က မိမိ​သည် ဤ​လောက​၌ ပညာရှိ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှိ​ဖြစ်​နိုင်​ရန် မိုက်မဲ​သော​သူ​ဖြစ်​ပါစေ။


ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။


ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ