Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 16:40 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

40 သူ​တို့​သည်​လည်း ထောင်​ထဲမှ ထွက်လာ​ကြ​သောအခါ လုဒိ​ထံသို့ သွား​၍ ညီအစ်ကို​များ​နှင့်​တွေ့ဆုံ​ကာ သူ​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးမှ ထွက်ခွာ​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

40 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျဉ်း​ထောင်​မှ​ထွက်​ခွာ ၍ လု​ဒိ​၏​အိမ်​သို့​သွား​ကြ​၏။ ထို​နောက်​ယုံ​ကြည် သူ​တို့​နှင့်​တွေ့​ဆုံ​ကာ​အား​ပေး​စ​ကား​ပြော ကြား​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ​သွား​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

40 ထို​အ​ခါ ပေါ​လု​နှင့် သိ​လ​တို့​သည် ထောင်​မှ​ထွက်၍ လု​ဒိ​အိမ်​သို့​ဝင်​သ​ဖြင့်၊ ညီ​အစ်​ကို​များ​ကို တွေ့​မြင်၍ သက်​သာ​စေ​ပြီး​မှ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 16:40
10 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍


တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။


သွာတိရ​မြို့​မှ ခရမ်းရောင်​အထည်​ကုန်သည်​ဖြစ်​ပြီး ဘုရားသခင်​ကို​ကိုးကွယ်​သော လုဒိ​အမည်​ရှိ အမျိုးသမီး​တစ်​ဦး​သည်​လည်း နားထောင်​နေ​၏။ ပေါလု​ဟောပြော​နေ​သော​အရာ​တို့​ကို အာရုံစိုက်​စေရန် သခင်​ဘုရား​သည် သူ​၏​စိတ်နှလုံး​ကို ဖွင့်​ပေး​တော်မူ​၏။


သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။


တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ