Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 16:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 16:19
24 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။


ထို့နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်စက်​ရန် အပ်နှံ​၍ သင်​တို့​ကို သတ်ဖြတ်​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ့​နာမ​ကြောင့် လူမျိုး​တကာ​တို့​၏​မုန်းတီး​ခြင်း​ကို ခံရ​ကြ​လိမ့်မည်။


သင်​တို့​ကိုယ်တိုင်​လည်း သတိပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း များ​၌ ရိုက်နှက်​ခြင်း​ခံရ​ကြ​ပြီး ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အတွက်​သက်သေ​ဖြစ်​ကြ​လိမ့်မည်။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


လူမျိုးခြား​များ​နှင့်​ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​အကြီးအကဲ​များ​နှင့်အတူ တမန်တော်​တို့​ကို နှိပ်စက်​၍ ခဲ​နှင့်​ပေါက်​သတ်​ရန် ကြံစည်​အားထုတ်​ကြ​သောအခါ


ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။


ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။


တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။


အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍


သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။


ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။


သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍


ထိုအခါ တစ်မြို့လုံး​ဆူပူ​လှုပ်ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါလု​ကို​ဖမ်းဆီး​လျက် ဗိမာန်​တော်​အပြင်​သို့ ဆွဲ​ထုတ်​ပြီးလျှင် တံခါး​များ​ကို ချက်ချင်း​ပိတ်​လိုက်​ကြ​၏။


ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။


သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်”​ဟု မိန့်​တော်မူ​၏။


ရိုက်နှက်​ခံရ​ခြင်း​၌​ဖြစ်စေ၊ အကျဉ်းချ​ခံရ​ခြင်း​၌​ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​၌​ဖြစ်စေ၊ ကြိုးပမ်း​အားထုတ်​ခြင်း​၌​ဖြစ်စေ၊ အိပ်ရေးပျက်​ခြင်း​၌​ဖြစ်စေ၊ အစာ​ပြတ်လပ်​ခြင်း​၌​ဖြစ်စေ၊


ငါ​ရင်ဆိုင်​ရ​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီး ယခု​လည်း ငါ​ရင်ဆိုင်​နေ​ရ​သည်​ဟု သင်​တို့​ကြား​ရ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​မျိုး​ကို သင်​တို့​ရင်ဆိုင်​နေ​ကြ​၏။


သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။


အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။


သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ