Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 14:27 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 သူ​တို့​ရောက်​ကြ​သောအခါ အသင်းတော်​ကို​စုဝေး​စေ​လျက် မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို​လည်းကောင်း၊ ယုံကြည်​ခြင်း​တံခါး​ကို လူမျိုးခြား​တို့​အတွက် ဖွင့်​ပေး​တော်မူ​ကြောင်း​ကို​လည်းကောင်း ပြောကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

27 ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 14:27
15 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။


အကြောင်းမူကား လူမျိုးခြား​တို့​နာခံ​မှု​ရှိ​စေရန် ခရစ်တော်​သည် ငါ့​ကို​အသုံးပြု​၍ တရား​စကား​နှင့်​လုပ်ဆောင်​မှု​အားဖြင့်​လည်းကောင်း၊


ပထမ​အနေဖြင့် သင်​တို့​သည် အသင်းတော်​၌​စုဝေး​ကြ​သောအခါ သင်​တို့​တွင် ကွဲပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်စိတ်တစ်ဒေသ ငါ​ယုံ​၏။


ထို့ကြောင့် အသင်းတော်​တစ်ခုလုံး​စုဝေး​လျက် အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​ကြ​စဉ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ​များ​၊ သို့မဟုတ် မ​ယုံကြည်​သူ​များ ဝင်လာ​လျှင် သင်​တို့​ရူးသွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်မည် မ​ဟုတ်​လော။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။


ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍


ငါ​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် တရော​မြို့​သို့​ရောက်​သောအခါ သခင်​ဘုရား​သည် ငါ့​အတွက်​တံခါး​ဖွင့်​ပေး​ခဲ့​သော်လည်း


ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ