Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 14:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 တမန်တော်​ဗာနဗ​နှင့်​ပေါလု​တို့​သည် ထို​အကြောင်း​ကို​ကြား​လျှင် မိမိ​တို့​၏​အဝတ်​ကို​ဆုတ်ဖြဲ​၍ လူထု​ပရိသတ်​အလယ်​သို့​ပြေးသွား​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 14:14
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့​ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။


အစ္စရေး​ဘုရင်​သည် ထို​စာ​ကို​ဖတ်​ပြီးလျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​ငါ​သည် အသက်​ကို သေ​စေ​နိုင် ရှင်​စေ​နိုင်​သော​ဘုရား​လော​။ အဘယ်ကြောင့် ဤ​ဘုရင်​သည် အနာကြီးရောဂါစွဲ​နေ​သော​သူ​ကို ငါ့​ထံ​ပို့​ပြီး​ပျောက်​အောင်​ကုသ​စေ​သနည်း​။ ယခု ကြည့်​ပါ​။ သူ​သည် ငါ့​ကို​ရန်ရှာ​ခြင်း​သာ​ဖြစ်​သည်​မှာ​သိသာ​၏​”​ဟု မိန့်ဆို​၏​။


ထို​စကား​အလုံးစုံ​တို့​ကို​ကြား​ရ​သော ရှင်ဘုရင်​နှင့် သူ​၏​အစေအပါး​အားလုံး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ခြင်း​မ​ရှိ​ကြ​၊ အဝတ်​ကို​မ​ဆုတ်​ကြ​။


ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​သူ​တို့​ထဲမှ နုန်​၏​သား ယောရှု​နှင့် ယေဖုန္နာ​၏​သား ကာလက်​သည် မိမိ​တို့​အဝတ်​ကို ဆုတ်ဖြဲ​လျက်


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။


မြို့သူ​မြို့သား​တို့​သည် နှစ်စု​ကွဲ​၍ အချို့​တို့​သည် ဂျူး​လူမျိုး​တို့​ဘက်၌​ပါ​ကြ​ပြီး အချို့​တို့​သည် တမန်တော်​တို့​ဘက်၌​ပါ​ကြ​၏။


ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ