Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထိုအခါ ပေါလု​ဟု​လည်း​ခေါ်​သော​ရှောလု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် သူ့​ကို စေ့စေ့​ကြည့်​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​အ​ခါ​ပေါ​လု​ဟု အ​မည်​တွင်​သော ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ထို​နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို စေ့​စေ့​ကြည့်​ရှု​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:9
9 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​မူကား ယာကုပ်​ပုန်ကန်​သော​အပြစ်​၊ အစ္စရေး​ကျူးလွန်​သော​အပြစ်​ကို ဖော်ပြ​နိုင်​ရန် ထာဝရဘုရား​၏​ဝိညာဉ်​တော်​တန်ခိုး​နှင့်​လည်းကောင်း​၊ တရားမျှတမှု​နှင့် အစွမ်းတန်ခိုး​တို့​နှင့်​လည်းကောင်း ပြည့်ဝ​၏​။


အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။


ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။


ကိုယ်တော်​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏’ဟု​ရေး​ထား​သော​အရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း။


ထိုအခါ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဝိညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်စွမ်း​ပေး​တော်မူ​သည့်​အတိုင်း အခြား​သော​ဘာသာ​စကား​များ​ဖြင့် စတင်​ပြောဆို​ကြ​၏။


ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။


ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊


သို့သော် သတေဖန်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ကောင်းကင်​သို့ စေ့စေ့​ကြည့်​လေ​ရာ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်းကောင်း၊ သခင်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်းကောင်း မြင်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ