Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:8
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က ထွက်သွား​သနည်း​”​ဟု မေး​၏​။


ဤ​လမ်း​မှ ထွက်သွား​ကြ​ပါ​။ ဤ​လမ်း​မှ ရှောင်သွား​ကြ​ပါ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ငါ​တို့​ရှေ့​မှ ကွယ်ပျောက်​စေ​ကြ​ပါ​”​ဟု ဆို​တတ်​ကြ​၏​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ​ကာလ အစပိုင်း စတုတ္ထ​နှစ်​၊ ပဉ္စမ​လ​တွင်​ပင် ဂိဗောင်​မြို့​မှ အဇ္ဇုရ​၏​သား ပရောဖက်​ဟာနနိယ​က ထာဝရဘုရား​၏​အိမ်​တော်​၊ ယဇ်ပုရောဟိတ်​နှင့် လူ​အပေါင်း​တို့​ရှေ့​တွင် ငါ့​အား


အနြေ္ဒ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်


အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။


သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်


ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။


ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။


ထို​မြို့​တွင် ရှိမုန်​အမည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယခင်​ကတည်းက မှော်အတတ်​ကို​သုံး​၍ ရှမာရိ​နယ်သား​တို့​ကို အံ့ဩ​ငေးမော​စေ​ကာ မိမိကိုယ်ကို​ထူးမြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။


ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။


ယန္နေ​နှင့်​ယံဗြေ​တို့​သည် မောရှေ​ကို​ဆန့်ကျင်​ခဲ့​သည့်​နည်းတူ ထို​သူ​တို့​သည်​လည်း သမ္မာတရား​ကို​ဆန့်ကျင်​ကြ​၏။ သူ​တို့​သည် စိတ်နှလုံး​ပျက်စီး​ယိုယွင်း​လျက် ယုံကြည်​ခြင်း​အရာ​၌ ကျရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ