Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:4
7 ပူးပေါင်းရင်းမြစ်များ  

သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။


သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။


ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။


သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။


ထို​မြို့​မှ​ရွက်လွှင့်​ကြ​သောအခါ လေ​ဆန်​ဖြစ်​နေ​သဖြင့် ဆိုက်ပရပ်​ကျွန်း​၏​လေကွယ်​ရာ​ဘက်​မှ ရွက်လွှင့်​သွား​ကြ​၏။


နှစ်သိမ့်​ခြင်း​၏​သား​ဟူ​သော​အဓိပ္ပာယ်​ရှိ​သည့် ဗာနဗ​ဟု တမန်တော်​တို့​ခေါ်​ကြ​သော ဆိုက်ပရပ်​ကျွန်းသား လေဝိ​အနွယ်ဝင် ယောသပ်​သည်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ