Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထို​မှ​တစ်ဖန် သူ​တို့​သည် ဘုရင်​ကို​တောင်း​ကြ​သဖြင့် ဘုရားသခင်​သည် ဗင်္ယာမိန်​အနွယ်​မှ ကိရှ​၏​သား​ရှောလု​ကို အနှစ်​လေးဆယ်​တိုင်တိုင် သူ​တို့​အား ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 နောက်​တစ်​ဖန် ရှင်​ဘု​ရင်​ကို တောင်း​ကြ​သော​အ​ခါ ရှော​လု​အ​မည်​ရှိ​သော ကိ​ရှ၏​သား၊ ဗင်္ယာ​မိန် အ​မျိုး​ဖြစ်​သော​သူ​ကို အ​နှစ်​လေး​ဆယ်​ပတ်​လုံး ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:21
8 ပူးပေါင်းရင်းမြစ်များ  

ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။


လူ​အပေါင်း​တို့​သည် ဂိလဂါလ​မြို့​သို့​လိုက်သွား​ကြ​၏​။ သူ​တို့​သည် ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ရှောလု​ကို မင်းမြှောက်​ကြ​ပြီး ထာဝရဘုရား​ထံ မိတ်သဟာယယဇ်​ကို ပူဇော်​ကြ​၏​။ ရှောလု​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​ကြ​၏​။


ထို့နောက်မှ ရှမွေလ​က ရှောလု​မင်းကြီး​အား “​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် သင့်​ကို ဘိသိက်ပေး​ရန် ငါ့​အား စေလွှတ်​တော်မူ​ခဲ့​၏​။ ယခု ထာဝရဘုရား​၏​အမိန့်စကား​ကို နားထောင်​လော့​။


ရှမွေလ​အား “​ကြည့်ရှု​လော့​။ ယခု အရှင် အသက်ကြီး​ပြီ​။ အရှင့်​သား​တို့​သည်​လည်း အရှင်​လျှောက်​ခဲ့​သည့်​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။ ထို့ကြောင့် လူမျိုးခြား​အပေါင်း​တို့​နည်းတူ အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်​ပါး​ကို အကျွန်ုပ်​တို့​အတွက် တင်မြှောက်​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။


ကိရှ​အမည်​ရှိ​သော ဗင်္ယာမိန်​အမျိုးသား​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုးသား​အာဖိ​၏​တီ​၊ ဗေခေါရတ်​၏​မြစ်​၊ ဇေရော်​၏​မြေး​၊ အဗျေလ​၏​သား​ဖြစ်​၏​။ သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝ​သူ​တစ်ဦး​ဖြစ်​၏​။


ရှောလု​မ​လာ​မီ​တစ်​ရက်​အလို​တွင် ထာဝရဘုရား​က ရှမွေလ​အား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ