Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 11:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 “ငါ​သည် ယုပ္ပေ​မြို့​၌ ဆုတောင်း​လျက်​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ ရူပါရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး ကောင်းကင်​မှ​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု​သည် နိမ့်ဆင်း​လာ​၍ ငါ့​ထံသို့​ရောက်လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 11:5
12 ပူးပေါင်းရင်းမြစ်များ  

ငါ​ကြည့်​လိုက်​သောအခါ စာလိပ်​ကိုင်​ထား​သော​လက်​တစ်ဖက်​သည် ငါ့​ဆီသို့​ဆန့်တန်း​လာ​ပြီး


ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် အကျွန်ုပ်​သည် ဂျေရုဆလင်​မြို့​သို့​ပြန်လာ​ပြီး ဗိမာန်​တော်​၌​ဆုတောင်း​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍


ဒမတ်စကပ်​မြို့​တွင် အာနနိ​အမည်​ရှိ​သော တပည့်​တော်​တစ်​ဦး​ရှိ​၏။ သခင်​ဘုရား​သည် ရူပါရုံ​၌“အာနနိ”​ဟု ခေါ်​တော်မူ​လျှင် အာနနိ​က “အကျွန်ုပ်​ရှိ​ပါ​သည် သခင်​ဘုရား”​ဟု ပြန်​လျှောက်​လေ​၏။


ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။


ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။


ဤ​သတင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အနှံ့​ကျော်ကြား​သွား​၍ လူ​များစွာ​တို့​သည် သခင်​ဘုရား​ကို​ယုံကြည်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ