တမန်တော် 11:14 - မြန်မာ့စံမီသမ္မာကျမ်14 သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ထိုပေတရုသည် သင်မှစ၍ သင်၏အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်းတရားစကားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြားလေ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။