Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 1:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို့နောက် သူ​တို့​သည် သံလွင်​အမည်​ရှိ​သော​တောင်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏။ ထို​တောင်​သည် ဂျေရုဆလင်​မြို့​နှင့် မိုင်ဝက်​ခန့်​​အကွာအဝေး​၌​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 1:12
10 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​တွင် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ သံလွင်​တောင်​ပေါ်၌ ခြေချ​တော်မူ​လျှင် သံလွင်​တောင်​သည် အရှေ့ဘက်​မှ အနောက်ဘက်​တိုင်အောင် နှစ်ခြမ်းကွဲ​၍ ကျယ်ပြန့်​သော​ချိုင့်ဝှမ်းလွင်ပြင်​ကြီး ပေါ်လာ​လိမ့်မည်​။ ထို​တောင်​၏​တစ်ဝက်​သည် မြောက်ဘက်​သို့​လည်းကောင်း​၊ ကျန်​တစ်ဝက်​သည် တောင်ဘက်​သို့​လည်းကောင်း ရွေ့သွား​လိမ့်မည်​။


သူ​တို့​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍


သင်​တို့​ထွက်ပြေး​ရ​မည့်​အချိန်​သည် ဆောင်း​ရာသီ​နှင့်​ဥပုသ်နေ့​တို့​မ​ဖြစ်​စေရန် ဆုတောင်း​ကြ​လော့။


ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။


ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။


သံလွင်​ဟု​ခေါ်​သော​တောင်​အနီး​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍


ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။


သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​ပြီးလျှင် အလွန်​ဝမ်းမြောက်​လျက် ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ကာ


ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ