Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ တိမောသေ 4:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 တုခိတ်​ကို​မူကား ဧဖက်​မြို့​သို့ ငါ​စေလွှတ်​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 တု​ခိတ်​ကို​လည်း ဧ​ဖက်​မြို့​သို့ ငါ​စေ​လွှတ်​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိမောသေ 4:12
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။


“ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။


အာပေါလု​သည် ကောရိန်သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့်


ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။


ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။


ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


သူ့​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်သက်​သော​အရာ​များ​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို အားပေး​နိုင်​ရန်​ဖြစ်​၏။


သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


မာကေဒေါနိ​ပြည်​သို့​သွား​စဉ်​က သင့်​ကို ငါ​တိုက်တွန်း​နှိုးဆော်​ခဲ့​သည့်​အတိုင်း သင်​သည် ဧဖက်​မြို့​၌​နေရစ်​၍ လူ​အချို့​တို့​အား ခြားနား​သော​ဩဝါဒ​ကို မ​သွန်သင်​ကြ​ရန်​လည်းကောင်း၊


ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ