Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 9:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​ထဲတွင် ဇိဘ​အမည်​ရှိ​သော​အစေအပါး​တစ်​ဦး​ရှိ​၏​။ ထို​သူ​ကို ဒါဝိဒ်​မင်းကြီး​ထံ​ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က သူ့​အား “​သင်​ကား ဇိဘ​မှန်​သလော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး မှန်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထို​အ​ခါ​လူ​တို့​သည်​ဇိ​ဘ​နာ​မည်​ရှိ​သော လူ​တစ်​ယောက်​ကို​အ​ထံ​တော်​သို့​သွင်း​ကြ​၏။ ထို​သူ​ကား​ရှော​လု​မိ​သား​စု​၏​အ​စေ​ခံ တစ်​ဦး​ဖြစ်​၏။ မင်း​ကြီး​က​သူ့​အား``သင် သည်​ဇိ​ဘ​လော'' ဟု​မေး​တော်​မူ​လျှင်၊ ``မှန်​လှ​ပါ​အ​ရှင်'' ဟု​ဇိ​ဘ​က​လျှောက် ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ဇိ​ဘ​အ​မည်​ရှိ​သော ရှော​လု၏ အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော ကျွန်​တစ်​ယောက်​ကို အ​ထံ​တော်​သို့​သွင်း၍ ရှင်​ဘု​ရင်​က၊ သင်​သည် ဇိ​ဘ​မှန်​သ​လော​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မှန်​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 9:2
7 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​အုပ်ထိန်း​ရ​သော​၊ မိမိ​အိမ်​တွင်​အသက်ကြီးဆုံး​ဖြစ်​သော​အစေအပါး​အား “​သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​လော့​။


ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။


သူ​နှင့်အတူ ဗင်္ယာမိန်​အမျိုး​အယောက်​တစ်ထောင်​၊ ရှောလု​အိမ်သား​၏​အစေခံ ဇိဘ​နှင့်​သား တစ်ဆယ့်ငါး​ယောက်​၊ အစေအပါး​အယောက်​နှစ်ဆယ်​တို့​လည်း ရှင်ဘုရင်​ရှိ​ရာ ဂျော်ဒန်​မြစ်​သို့ အလျင်အမြန်​ရောက်လာ​ကြ​ပြီး


သူ​တို့​သည် ရှင်ဘုရင်​နှင့် နန်းတွင်းသူ​နန်းတွင်းသား​တို့​ကို တစ်ဖက်ကမ်း​သို့ ပို့ပေး​ရန်​နှင့် ရှင်ဘုရင်​အလိုရှိ​သည်​ကို လုပ်ဆောင်​ပေး​ရန် ကူးတို့ဆိပ်​မှ ကူးလာ​ကြ​၏​။ ဂျော်ဒန်​မြစ်​ကို ရှင်ဘုရင်​ဖြတ်ကူး​သောအခါ ဂေရ​၏​သား ရှိမိ​သည် ရှင်ဘုရင်​ရှေ့​၌ ပျပ်ဝပ်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ