Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 9:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဇိဘ​က “​အရှင့်​အစေအပါး​အား အရှင်မင်းကြီး​မိန့်​တော်မူ​သမျှ​အတိုင်း အရှင့်​အစေအပါး​ပြု​ပါ​မည်​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။ မေဖိဗောရှက်​သည် ဘုရင့်​သား​တော်​တစ်​ပါး​ကဲ့သို့ ဒါဝိဒ်​မင်းကြီး​၏​စားပွဲ​တွင် စားသောက်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။ သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ဇိ​ဘ​က​လည်း၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု နား​တော်​လျှောက်၏။ ထို​နောက်၊ မေ​ဖိ​ဗော​ရှက်​သည် ရှင်​ဘု​ရင်၏​သား​ရင်း​ကဲ့​သို့ စား​ပွဲ​တော်၌ အ​စာ​စား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 9:11
8 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင်


သူ​နှင့်အတူ ဗင်္ယာမိန်​အမျိုး​အယောက်​တစ်ထောင်​၊ ရှောလု​အိမ်သား​၏​အစေခံ ဇိဘ​နှင့်​သား တစ်ဆယ့်ငါး​ယောက်​၊ အစေအပါး​အယောက်​နှစ်ဆယ်​တို့​လည်း ရှင်ဘုရင်​ရှိ​ရာ ဂျော်ဒန်​မြစ်​သို့ အလျင်အမြန်​ရောက်လာ​ကြ​ပြီး


ရှောလု​မင်းကြီး​၏​သား မေဖိဗောရှက်​သည်​လည်း ရှင်ဘုရင်​ကို ကြိုဆို​ရန် ဆင်းလာ​၏​။ ရှင်ဘုရင်​ထွက်သွား​သည့်​နေ့​မှစ၍ ဘေးကင်း​စွာ​ပြန်လာ​သည့်​နေ့​အထိ သူ​သည် ကိုယ့်​ခြေ​ကို မ​ဆေး​၊ နှုတ်ခမ်းမွေး​ကို မ​ရိတ်​၊ အဝတ်​ကို​လည်း မ​လျှော်ဖွပ်​ဘဲ နေ​၏​။


သူ​က​လည်း “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​သည် ခြေမသန်သူ​ဖြစ်၍ အကျွန်ုပ်​က အကျွန်ုပ်​၏​အစေအပါး​အား ‘​ငါ​သည် ရှင်ဘုရင်​နှင့်အတူ​လိုက်သွား​မည်​ဖြစ်၍ ငါ​စီး​ဖို့ မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​’​ဟု ဆို​သော်လည်း သူ​သည် အကျွန်ုပ်​ကို လှည့်စား​ခဲ့​ပါ​၏​။


သင်​နှင့် သင့်​သားသမီး​များ​၊ သင့်​အစေအပါး​များ​သည် ထို​လယ်ယာ​များ​ကို ထွန်ယက်​စိုက်ပျိုး​ပြီး သင့်​သခင်​၏​သားမြေး​တို့ စားစရာ​အဖို့ ယူဆောင်​လာ​ပေး​ရ​မည်​။ သင့်​သခင်​၏​သား မေဖိဗောရှက်​သည် နေ့စဉ် ငါ့​စားပွဲ​တွင် စား​ရ​မည်​”​ဟု ဆို​၏​။ ဇိဘ​၌ သား​တစ်ဆယ့်ငါး​ယောက်​နှင့် အစေအပါး အယောက်​နှစ်ဆယ်​ရှိ​၏​။


မေဖိဗောရှက်​တွင် မိက္ခာ​အမည်​ရှိ​သော သား​ငယ်​တစ်​ဦး​ရှိ​၏​။ ဇိဘ​၏​အိမ်သူအိမ်သား​အားလုံး​သည် မေဖိဗောရှက်​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။


ခြေ​နှစ်ဖက်စလုံး​မသန်စွမ်း​သော မေဖိဗောရှက်​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ပြီး ဘုရင်​၏​စားပွဲ​၌ အမြဲအတူ​စားသောက်​ခွင့်​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ