Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 8:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး ပြန်လာ​သောအခါ ဂုဏ်သတင်းကြီး​လာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ဒါ​ဝိဒ်​သည်​ဆား​ချိုင့်​ဝှမ်း​မှ​ဧ​ဒုံ​ပြည်​သား တစ်​သောင်း​ရှစ်​ထောင်​ကို သုတ်​သင်​ရာ​မှ​ပြန် လာ​သော​အ​ခါ​ပို​၍​ပင်​ထင်​ပေါ်​ကျော် ကြား​၍​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို​လုပ်​ကြံ​ရာ​မှ၊ ဒါ​ဝိဒ်​သည် ပြန်​လာ​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ကြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 8:13
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​တို့​က “​လာ​ကြ​၊ မြေ​တစ်ပြင်လုံး​သို့​ကွဲလွင့်​မ​သွား​စေရန် ငါ​တို့​အတွက်​မြို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​အထိ ထိပ်ဖျား​ရောက်​သော​ရဲတိုက်​ကို​လည်းကောင်း တည်ဆောက်​၍ ငါ​တို့​နာမည်​ကျော်စော​အောင်​ပြု​ကြ​စို့​”​ဟု ပြောဆို​ကြ​၏​။


သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို နာမည်ကြီး​ကျော်ကြား​စေ​မည်​။


ဧဒုံ​ပြည်​၌ ဒါဝိဒ်​မင်းကြီး​ရှိ​နေ​ခဲ့​စဉ်က စစ်ဗိုလ်ချုပ်​ယွာဘ​သည် ကျဆုံး​သူ​များ​ကို သင်္ဂြိုဟ်​ရန် ရောက်လာ​ပြီး ဧဒုံ​ပြည်သား​ယောက်ျား​အားလုံး​ကို သုတ်သင်​ပစ်​၏​။


အာမဇိ​မင်းကြီး​သည် ဧဒုံ​စစ်သည်​အယောက်​တစ်သောင်း​ကို ဆား​ချိုင့်ဝှမ်း​တွင် တိုက်ခိုက်သတ်ဖြတ်​ပြီး ထို​စစ်ပွဲ​တွင် သေလ​မြို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ထို​မြို့​၏​အမည်​ကို ယောကသေလ​မြို့​ဟု ယနေ့​တိုင် ခေါ်ဆို​လျက်​ရှိ​၏​။


ဇေရုယာ​၏​သား​အဘိရှဲ​သည်​လည်း ဧဒုံ​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး


ထို့နောက် အာမဇိ​မင်းကြီး​သည် ရဲရင့်​စွာ​ဖြင့် မိမိ​စစ်သည်​တို့​ကို​ဦးဆောင်​လျက် ဆား​ချိုင့်ဝှမ်း​သို့​ချီတက်​ကာ စိရ​ပြည်သား​တစ်သောင်း​ကို ကွပ်မျက်​နိုင်​ခဲ့​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို​ဖြိုဖျက်​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အမျက်​တော်​ထွက်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ