၂ ဓမ္မရာဇဝင် 6:13 - မြန်မာ့စံမီသမ္မာကျမ်13 ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်သွားသူတို့သည် ခြေလှမ်းခြောက်လှမ်းအရောက်တွင် နွားထီးတစ်ကောင်နှင့် ဆူဖြိုးသောနွားသငယ်တစ်ကောင်ကို ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသောသူတို့သည် ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်လေ၏။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။