Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 6:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဤသို့ဖြင့် ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​တွင် သုံး​လ​မျှ ကိန်းဝပ်​တော်မူ​ပြီး ထာဝရဘုရား​သည် ဩဗဒေဒုံ​နှင့် သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​အား ကောင်းချီးပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 6:11
7 ပူးပေါင်းရင်းမြစ်များ  

သို့သော် လာဗန်​က “​သင့်​ရှေ့​၌ ငါ​မျက်နှာရ​သည်​ဆို​လျှင် ဆက်နေ​ပါ​ဦး​။ ထာဝရဘုရား​သည် သင့်​ကြောင့် ငါ့​ကို​ကောင်းချီးပေး​တော်မူ​ကြောင်း ဟူးရားအတတ်​အားဖြင့် ငါ​သိမြင်​ပြီ​”​ဟု ဆို​ပြီးလျှင်


ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ယောသပ်​ဆောင်ရွက်​သမျှ​သော​အမှု​တို့​ကို ထောင်မှူး​သည် ကြည့်ရှုစရာ​မ​လို​ပေ​။ ထာဝရဘုရား​သည် ယောသပ်​ပြု​လေရာရာ​၌ အောင်မြင်​စေ​တော်မူ​၏​။


ထိုသို့ သခင်​သည် မိမိ​အိမ်​နှင့်​မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​အား​အပ်နှံ​သော​အချိန်​မှစ၍ ထာဝရဘုရား​သည် ယောသပ်​အားဖြင့် ထို​အီဂျစ်​အမျိုးသား​၏​အိမ်​ကို​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၏​အိမ်​၊ သူ​၏​လယ်ယာ​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​အပေါ် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သက်ရောက်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မိမိ​နှင့်အတူ ဒါဝိဒ်​မြို့​သို့ သယ်ဆောင်​သွား​ရန် ဆန္ဒ​မ​ရှိ​သဖြင့် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​သို့ သယ်ဆောင်​သွား​၏​။


ဩဗဒေဒုံ​၏​သား​များ​မှာ သားဦး ရှေမာယ​၊ ဒုတိယ​သား ယဟောဇဗဒ်​၊ တတိယ​သား ယောအာ​၊ စတုတ္ထ​သား စာကာ​၊ ပဉ္စမ​သား နာသနေလ​၊


ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ