၂ ဓမ္မရာဇဝင် 5:8 - မြန်မာ့စံမီသမ္မာကျမ်8 ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။) အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိလူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကိုမုန်းလျက် ပြောဆိုသော မျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။