Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 5:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​မှ ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​၊ မောင်းမငယ်​များ ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 5:13
11 ပူးပေါင်းရင်းမြစ်များ  

ချမ်းသာ​သော​သူ​၌ သိုးအုပ်​၊ နွားအုပ် အများအပြား​ရှိ​၏​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။


ရှောလမုန်​မင်းကြီး​တွင် ဘုရင့်သမီး​တော်​ဖြစ်​သော​မိဖုရား​အပါး​ခုနစ်​ရာ​၊ မောင်းမ​သုံး​ရာ​ရှိ​၏​။ ထို​မိဖုရား​တို့​ကပင် သူ​၏​စိတ်နှလုံး​ကို လွဲသွား​စေ​ခဲ့​ကြ​၏​။


ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ​အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ ဒုတိယ​သား​မှာ ကရမေလ​မြို့သူ​အဘိဂဲလ​နှင့်​ရ​သော​ဒံယေလ​၊


ဤ​သား​များ​အပြင် မောင်းမ​များ​နှင့်​ရ​သော ဒါဝိဒ်​မင်းကြီး​၏​သား​များ​လည်း ရှိ​သေး​၏​။ သူ​တို့​တွင် တာမာ​ဟူသော​နှမ​တော်​တစ်​ဦး​လည်း ရှိ​၏​။


အဘိယ​မင်းကြီး​သည် အင်အားကြီး​လာ​ပြီး မိဖုရား​တစ်ဆယ့်လေး​ယောက်​ကို မြှောက်စား​၍ သား​တော်​နှစ်ဆယ့်​နှစ်​ယောက်​၊ သမီး​တော်​တစ်ဆယ့်ခြောက်​ယောက်​ကို ရ​၏​။


ထို​ဘုရင်​သည် စိတ်နှလုံး​လမ်း​မ​လွဲ​ရ​အောင် မိဖုရား​များစွာ​မ​ထားရှိ​ရ​။ ရွှေ​၊ ငွေ​ကို​လည်း အလွန်အမင်း​မ​စုဆောင်း​ရ​။


ဒါဝိဒ်​သည် ယေဇရေလ​မြို့သူ အဟိနောင်​ကို​လည်း ယူထား​သဖြင့် သူ​၌ မယား​နှစ်​ဦး​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ