၂ ဓမ္မရာဇဝင် 3:3 - မြန်မာ့စံမီသမ္မာကျမ်3 ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။ အခန်းကိုကြည့်ပါ။ |
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။