၂ ဓမ္မရာဇဝင် 3:22 - မြန်မာ့စံမီသမ္မာကျမ်22 ထိုစဉ်တွင်ပင် ယွာဘနှင့်ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် စစ်တိုက်ရာမှ ပြန်ရောက်လာကြ၏။ တိုက်ရာပါပစ္စည်းလည်း အများအပြားယူလာကြ၏။ သို့သော် အာဗနာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ဟေဗြုန်မြို့တွင် မရှိတော့ချေ။ ဒါဝိဒ်မင်းကြီး ပြန်ခွင့်ပြုသောကြောင့် အေးချမ်းစွာထွက်သွားနှင့်ပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 ထိုနောက်ယွာဘနှင့်ဒါဝိဒ်၏အခြားစစ်သူရဲ တို့သည် ရန်သူတို့အားလုယက်တိုက်ခိုက်ရာမှ လက်ရပစ္စည်းအမြောက်အမြားနှင့်ပြန်လာ ကြ၏။ အာဗနာသည်ကားဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့တွင်မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော်ဒါဝိဒ်သည်သူ့အားဘေးမဲ့ထွက်ခွာ စေပြီဖြစ်သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 ထိုအခါ ယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကိုယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။ အခန်းကိုကြည့်ပါ။ |