၂ ဓမ္မရာဇဝင် 3:20 - မြန်မာ့စံမီသမ္မာကျမ်20 အာဗနာနှင့် သူ့လူအယောက်နှစ်ဆယ်တို့သည် ဒါဝိဒ်မင်းကြီးရှိရာဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် အာဗနာနှင့် သူ့လူတို့အတွက် စားသောက်ပွဲကျင်းပပေး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကို ကျွေး၏။ အခန်းကိုကြည့်ပါ။ |
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။