Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 24:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သူ​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂဒ်​ချိုင့်ဝှမ်း​အလယ် အာရော်​မြို့​တောင်ဘက်​တွင် စခန်းချ​ကြ​ပြီးနောက် ယာဇာ​မြို့​သို့​ဆက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ယော်​ဒန်​မြစ်​ကို​ကူး၍ ဂဒ်​ချိုင့်၌​ရှိ​သော အာ​ရော်​မြို့​အ​ရှေ့​ဘက်၊ ယာ​ဇာ​မြို့​အ​နား​မှာ တပ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 24:5
12 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ရှင်ဘုရင်​၏​အမိန့်​တော်​သည် ယွာဘ​နှင့် စစ်သူကြီး​တို့​ကို လွှမ်းမိုး​နိုင်​သဖြင့် ယွာဘ​နှင့် စစ်သူကြီး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စာရင်းယူ​ရန် ရှင်ဘုရင်​ထံ​မှ ထွက်သွား​ကြ​လေ​၏​။


အာရော်​မြို့ရွာ​များ​သည် စွန့်ပစ်​ခြင်း​ခံရ​၍ တိရစ္ဆာန်အုပ်​တို့​နေစရာ​ဖြစ်​လိမ့်မည်​။ တိရစ္ဆာန်​တို့​သည် ခြောက်လှန့်​မည့်​သူ​မ​ရှိ​ဘဲ ထို​နေရာ​တွင် အိပ်​ရ​လိမ့်မည်​။


မောရှေ​သည် လူ​လွှတ်​၍ ယာဇာ​မြို့​ကို​ထောက်လှမ်း​ပြီးနောက် ထို​မြို့​နှင့်ဆိုင်သော​မြို့ရွာ​တို့​ကို​သိမ်းပိုက်​ပြီး ထို​အရပ်​ရှိ​အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​လေ​၏​။


ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​၌ တိရစ္ဆာန်​မြောက်မြား​စွာ​ရှိ​၏​။ ယာဇာ​ပြည်​နှင့်​ဂိလဒ်​ပြည်​ကို တိရစ္ဆာန်​တို့​အတွက် စားကျက်​ကောင်း​သော​အရပ်​ဖြစ်​သည်​ကို တွေ့မြင်​လျှင်


“​အတရုတ်​၊ ဒိဘုန်​၊ ယာဇာ​၊ နိမရ​၊ ဟေရှဘုန်​၊ ဧလာလေ​၊ ရှေဘံ​၊ နေဗော​၊ ဗောန​စသော


အာတရုတ်ရှောဖန်​၊ ယာဇာ​၊ ယုဗ္ဗေဟ​၊


အာနုန်​ချောင်း​စပ်​ရှိ​အာရော်​မြို့​မှစ၍ ထို​ချောင်း​အနား​ရှိ​မြို့​အပါအဝင် ဂိလဒ်​မြို့​တိုင်အောင် ငါ​တို့​ကို​ခုခံ​နိုင်​သော​မြို့​တစ်​မြို့​မျှ​မ​ရှိ​။ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​အားလုံး​ကို ငါ​တို့​အား ပေး​တော်မူ​၏​။


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ ယာဇာ​မြို့​၊ ဂိလဒ်​ပြည်​ရှိ​မြို့​အားလုံး​၊ ရဗ္ဗာ​မြို့​အရှေ့ဘက်​ရှိ အာရော်​မြို့​အထိ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​တစ်ဝက်​၊


သူ​တို့​ရရှိ​သော​အမွေမြေ​ကား အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​မှစ၍ ချောင်း​အလယ်​ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်လျှောက် ဒိဘုန်​မြို့​အထိ


အာရော်​မြို့သား​များ​၊ ရှိဖမုတ်​မြို့သား​များ​၊ ဧရှတမော​မြို့သား​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ