၂ ဓမ္မရာဇဝင် 24:24 - မြန်မာ့စံမီသမ္မာကျမ်24 သို့သော် ရှင်ဘုရင်က အရောနအား “ထိုသို့မဟုတ်ပါ။ စင်စစ် သင့်မြေကို အဖိုးအခပေး၍ ဝယ်ပါမည်။ ငါသည် အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို ငါ၏ဘုရားသခင်ထာဝရဘုရားထံ မပူဇော်လိုပါ”ဟု မိန့်ဆို၍ ဒါဝိဒ်မင်းကြီးသည် ကောက်နယ်တလင်းနှင့် နွားကို ငွေရှယ်ကယ်ငါးဆယ်ဖြင့် ဝယ်ယူလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version24 သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version24 ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကိုဝယ်ပြီးမှ၊ အခန်းကိုကြည့်ပါ။ |