၂ ဓမ္မရာဇဝင် 21:19 - မြန်မာ့စံမီသမ္မာကျမ်19 ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဗက်လင်မြို့သား၊ ယာဣရု၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုး ဂေါလျတ်ကို သတ်လိုက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။