၂ ဓမ္မရာဇဝင် 21:12 - မြန်မာ့စံမီသမ္မာကျမ်12 ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကိုသတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဗက်ရှမ်လမ်းမှ ခိုးသွားသော ဂိလဒ်ပြည် ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော်ယောနသန်အရိုးတို့ကိုယူ၍၊ အခန်းကိုကြည့်ပါ။ |
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိရွာများဖြစ်သည်။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။